၁၈ ဖေဖော်ဝါရီ
ဆီးရီးယားနိုင်ငံရှိ အီရန်စစ်ဘက်အဆောက်အဦများအပေါ် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချလိုက်သည်။
ဂျာမဏီနိုင်ငံတွင် တနင်္ဂနွေနေ့က ကျင်းပသည့် နိုင်ငံတကာညီလာခံတစ်ခုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါညီလာခံသို့တက်ရောက်ရန် အီရန်အား ဆီးရီးယားနိုင် ငံက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဇာရစ်က ပြောကြားသည်။
ဆီးရီးယားနိုင်ငံရှိ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို ရည်ညွှန်းကာ အီရန်နှင့် အစ္စရေးတို့အကြား စစ် ပွဲဖြစ်လာနိုင်သည့်အန္တရာယ်ရှိကြောင်း ဇာရစ်က မှတ်ချက်ပြုခဲ့သည်။ အခြားနိုင်ငံများက နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုကို ဥပေက္ခာပြုလျင် ကြီးမားသော အန္တရာယ်ဖြစ်လာလိမ့်မည်ဟု ၄င်းကဆိုသည်။
အီရန်နိုင်ငံက အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ကျဉ်ခဲ့သည်။ အစ္စရေးနိုင်ငံအပေါ် လက် တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အကြီးတန်းအရာရှိ တစ်ဦးက သွယ်ဝှိုက်ပြောဆိုခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်