ကုလသမဂ္ဂ  ၂၀  မေ  

 


ဆီးရီးယားနိုင်ငံအတွင်း စစ်မဲ့ဇုန်ရှိဆေးဝါးကုသရေး နေရာများအား ပစ်မှတ်ထား          တိုက်ခိုက်ခြင်းကိုရှောင်ကြဉ်ရန် ဆီးရီးယားတပ်ဖွဲ့များအား ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းပြောကြားခဲ့ကြောင်း  ယနေ့သတင်းများအရ သိရသည်။

 

အဆိုပါ ဆေးဝါးကုသမှုနေရာများသည် မကြာခဏ  လျှပ်တစ်ပြက်တိုက်ခိုက်ခြင်းခံနေရသည်။ ဧပြီ ၂၈ ရက်ကစပြီး တိုက်ခိုက်မှုအကြိမ် ၂၀ ခန့်ရှိခဲ့ပြီး  ဆေးဝါးကုသမှုနေရာ ၁၈ ခု ပျက်စီးဆုံးရှုံးခဲ့ရကြောင်း  ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့ အကြီးအကဲ မက်လိုကော့ခ်က ဆိုသည်။

 

အဆိုပါ ဆေးဝါးကုသမှုနေရာများအား  တမင်ရည်ရွယ်ကာ ပစ်မှတ်ထား  တိုက်ခိုက်ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု      အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်     အခြားသော အဖွဲ့ များကဆိုသည်။

 

ဆေးဝါးကုသရေးနေရာများ ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားသော  ဥပဒေနှင့်အညီယခုကဲ့သို့  သတိပေးပြောကြားခြင်း ဖြစ်သည်ဟု   ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားရေးအဖွဲ့  အကြီး အကဲ မက်လိုကော့ခ်က ဆိုသည်။

 

ရုရှားထောက်ခံ သမ္မတ ဘာရှာအယ်အာဆက်အစိုးရက  ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အစိုးရ ဆန့်ကျင်အဖွဲ့က  သိမ်းပိုက်ထားသော နေရာများဖြစ်သည့်   အီလစ်ဘ်စီရင်စုနှင့်  ဟာမားမြို့တို့အား        ပြန်လည်ရယူရန်   အပြင်းအထန်  ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း    သိရသည်။ 

 

အင်န်အိတ်ချ်ကေ