ဆီးရီးယားနိုင်ငံ၌ လေပြင်းမုန်တိုင်းတိုက်မှုကြောင့် ခုနစ်ဦးသေဆုံး

မတ် ၃၀

ဆီးရီးယားနိုင်ငံတွင် ယမန်နေ့က အားပြင်းသောလေမုန်တိုင်းတိုက်ခတ်မှုကြောင့် ကလေးသုံးဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် နံရံပြိုကျမှုများဖြစ်ပွားရာ လူခြောက်ဦးသေဆုံးခဲ့ပြီး  နိုင်ငံအလယ်ပိုင်း ဟွမ်ပြည်နယ်တွင်  ကြော်ငြာဆိုင်းဘုတ်ပြုတ်ကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ထိုလေမုန်တိုင်းကြောင့် ပင်လယ်ဆိပ်ကမ်းအားလုံးပိတ်ထားရကြောင်း ချမ်အက်ဖ်အမ်ရေဒီယို၏သတင်းထုတ်လွှင့်ချင်အရ သိရသည်။

ယနေ့တွင် ထိုလေပြင်းတိုက်ခတ်မှုသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ကျော်ဖြင့်တိုက်ခတ်ပြီး ဆုတ်ခွာသွားမည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို