ဒမတ်စကတ် ဧပြီ ၃
ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟိုမက်စ်ပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာနေရာများကို ဧပြီ ၂ ရက်တွင် အစ္စရေးဘက်မှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြထားသည်။ ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှ ဒုံးကျည်များကို ကြားဖြတ်ဟန့်တားခဲ့ရသည်ဟု ရုပ်သံတွင် ဖော်ပြထားသည်။
အဆိုပါ ဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဟွန်းမြို့ အနောက်ဘက်ဒေသရှိ ဆီးရီးယားတပ်ဖွဲ့ အခြေစိုက် စခန်းသို့လည်း ထိမှန်ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင် လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယားအစိုးရကို ထောက်ခံသည့် ရှမ်အက်ဖ်အမ် ရေဒီယို က ကြေညာခဲ့သည်။
အစ္စရေးသည် မတ် ၃၀ ရက် မှစတင်ကာ ဆီးရီးယားတပ်ဖွဲ့ ရှိရာနေရာများသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက်တိုက်ခိုက် မှုဖြစ်သည်ဟု သိရသည်။
ဆင်ဟွာ