၃၀ ဧပြီ
ဆီးရီးယားတွင် ယမန်နေ့နှောင်းပိုင်းက အမေရိကန်စစ်သားတစ်ဦး တိုက်ပွဲနှင့် မပတ်သက်ပဲ သေဆုံးခဲ့ကြောင်း ပင်တဂွန် ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်သားသည် လေတပ်ဌာနခွဲ ၁၀၁ တွင် တာဝန်ကျသူ တစ်ဦးဖြစ်ပြီး ဆီးရီးယားမြောက်ပိုင်း ကိုဘာနီ တွင် တိုက်ပွဲနှင့်ပတ်သက်ခြင်းမရှိ သော ဒဏ်ရာများဖြင့် ယမန်နေ့က သေဆုံးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဌာနက သတင်းဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းတွင် တိုက်ပွဲနှင့်ပတ်သက်ခြင်းမရှိပဲ သေဆုံးသူများ ယခုလတွင် အများအပြား ရှိခဲ့သည်ဟု အမေရိကန်စစ်တပ်က ဆိုသည်။ ဧပြီ ၂၃ ရက်နေ့တွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်း တာဂျီရှိ ခြေလျင်တပ်ဌာနခွဲမှ စစ်သားတစ်ဦး သေဆုံးခဲ့ပြီး အီရတ်နိုင်ငံ နီနာဝါ ပြည်နယ် တွင် အစောပိုင်းရက်များကလည်း လေတပ်ဌာနခွဲ ၁၀၁ မှ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းသို့သေဆုံးမှုနှင့်ပတ်သက်ပြီး ယခင်ဖြစ်ရပ်နှစ်ခုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အခြားသောနိုင်ငံများမှ စစ်တပ်များနှင့် အတူ အမေရိကန်တပ်ဖွဲ့အနည်းငယ်ကို ဆီးရီးယားတွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို