ဘားအံ ဇွန် ၁၅
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၂) ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “စားသုံးဆီနှင့် စက်သုံးဆီကို ချွေတာသုံးစွဲ ကြရန်နှင့် သွင်းကုန်အစားထိုး ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်၍ ဒေသတွင်း ဆီကြိတ်ခွဲ ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအနေဖြင့် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး၊ တရားမဝင် ကုန်ပစ္စည်းများကို အဂတိတရား ကင်းရှင်းစွာဖြင့် တိတိကျကျ စစ်ဆေးပေးစေလိုပြီး ငွေကြေးတောင်းခံမှုများရှိပါက ထိရောက်စွာအ ရေးယူသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထပ်ဆင့်ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)