ဖရီးတောင်း ဒီဇင်ဘာ ၂၇
အာဖရိကဒေသရှိ ဆီယာလီယွန်နိုင်ငံ၌ မူးယစ်ဆေးဝါး အလွဲသုံးစားပြုမှုနှင့် ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန်အတွက် တားမြစ်ဆေးဝါးအများအပြားကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၎င်းတားမြစ် ဆေးဝါးများ ဖျက်ဆီးခြင်းကို ဆီယာလီယွန် ရဲတပ်ဖွဲ့နှင့် တရားရေးဆိုင်ရာ အဖွဲ့အစည်း များက နိုင်ငံသားများရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများတွင် ဆေးခြောက်များနှင့် နိုင်ငံအတွင်း အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် ထရာမာဒေါ (Tramadol) ဆေးပြားများ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ဆင်ဟွာ သတင်းဌာနအား ပြောကြားသည်။
ဆီယာလီယွန် နိုင်ငံအတွင်းသို့ ထရာမာဒေါ (Tramadol) ဆေးဝါးများ တရားမဝင်တင်သွင်းမှုများရှိပြီး လူငယ်များအား မူးယစ်ဆေးဝါးအဖြစ်ရောင်းချမှုများရှိကြောင်း သိရသည်။
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ