စက်တင်ဘာ ၂၀

ဆီယာရာလီယွန်နိုင်ငံ မြို့တော်ဖရီးတောင်းတွင် အထပ်ခုနစ်ပါအဆောက်အအုံပြိုကျမှုဖြစ်ပွားပြီးနောက် သေဆုံးသူ ၁၅ ဦး ရှိလာကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီက ယမန်နေ့နှောင်းပိုင်းက အတည်ပြုသတင်းထုတ်ပြန်ထားသည်။

အဆိုပါအဆောက်အအုံပြိုကျမှုသည် စက်တင်ဘာ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုအဆောက်အအုံပြိုကျအပျက်အစီးများအောက်တွင် လူဒါဇင်နှင့်ချီပိမိနေခဲ့ရာမှ အသက်ရှင်ကျန်ရစ်သူ ရှစ်ဦးရှိပြီး ၁၅ ဦး သေဆုံးခဲ့သည်ဟု ယင်းအေဂျင်စီကဆိုသည်။

မတော်တဆမှုဖြစ်ပွားရခြင်း၏အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို