ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ် လက်ပံကုန်း- အကောက်စခန်း အပန်းဖြေနေရာကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဖွင့်လှစ်ထားရှိရာ မည်သူမဆို လာရောက်လည်ပတ် အပန်းဖြေ အနားယူနိုင်ကြောင်း သိရသည်။
လက်ပံကုန်း-အကောက်စခန်း မှာ ဆိပ်ကြီးခနောင်တိုမြို့နယ် တွံတေးတူးမြောင်း ၃ ဒသမ ၅ မိုင်တွင်တည်ရှိပြီး ဆိပ်ကြီး ခနောင်တိုမြို့နယ်နေ ဒေသခံ ပြည်သူများအပြင် ရန်ကုန်မြို့ တွင်းမှ ဆိပ်ကြီးခနောင်တို ကျွန်းပတ်ခရီးစဉ် အပျော်စီး သင်္ဘောဖြင့် လာရောက်လည်ပတ် အပန်းဖြေသူများလည်း ရှိပြီး လာရောက် လည်ပတ်သူများ သက်သောင့်သက်သာ နားနေ အပန်းဖြေနိုင်ရန် ထိုင်ခုံများ၊ ထီးအမိုးများ စီစဉ်ဆောင်ရွက် ထားသည့်အပြင် အစာပြေဝယ်ယူ စားသုံးနိုင်ရန်အတွက် အုန်းရေ၊ ကော်ဖီ၊ အအေး၊ လက်ဖက်သုပ်နှင့် အခြားစားသောက်ဖွယ်ရာများကိုလည်း စျေးနှုန်းသင့်တင့်စွာ ရောင်းချပေးလျက်ရှိသည်။
အပန်းဖြေအနားယူနိုင်
အဆိုပါ ဆိပ်ကြီးခနောင်တို မြို့နယ် (လက်ပံကုန်း-အကောက် စခန်း) အပန်းဖြေနေရာကို နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်လျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ လာရောက်လည်ပတ် အပန်းဖြေ အနားယူနိုင်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)


