ဆိပ်ကြီးခနောင်တို မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မကူးစက်တတ်သော နာတာရှည်ရောဂါများအကြောင်းနှင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သခင်ဘသောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်က ရောဂါဖြစ်ပွားပါက ထိရောက်စွာ ကုသရေးနည်းလမ်းများကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)


