နေပြည်တော် ၂၁ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်စေရန်၊ ဈေးကွက်ရရှိစေရန်၊ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကချင်ပြည်နယ် သမဝါယမအသင်းစုချုပ်သည် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ ဆိပ်ဖြူမြို့နယ် သမဝါယမအသင်းစုတို့နှင့် ချိတ်ဆက်၍ ဒုတိယအကြိမ်အဖြစ် ဆိပ်ဖြူမြို့နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီ (လတ်ကြီး/လတ်သန့်) ပိဿာချိန် (၇၀၀၀) ဝယ်ယူ၍ ကချင်ပြည်နယ်အတွင်းရှိ မိုးမိတ်မြို့၊ ရွှေကူမြို့နှင့် ဗန်းမော်မြို့နယ်များမှ သမဝါယမအသင်းသားများနှင့် ပြည်သူများထံသို့ ဒေသပေါက် ဈေးကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ နှုန်းရှိသော်လည်း တစ်ပိဿာလျှင် ငွေကျပ် ၆၁၀ နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်