ဆိပ်ဖြူ ၁၉ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပျံကျယာယီဖွင့်လှစ်ထားသည့် ဈေးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးဆက်မှု ကာကွယ်ထိန်းချုပ်နိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧပြီ ၁၉ ရက်နေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဈေးသူဈေးသားများ၊ ဒေသခံပြည်သူများ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်၊ ရှောင်ရန် အချက်လက်များ၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနှင့် ရောဂါဖြစ်ပွားရာ ထိစပ်နယ်မြေများ ပြန်လာသူများ၊ အတူနေမိသားစုဝင်များ ဆောင်ရန်ရှောင်ရန် အချက်လက်များ၊ လူစုလူဝေးနေရာများ သွားလာခြင်းမပြုရေး၊ စနစ်တကျ လက်ဆေးနည်းများ စသည့် အသိပညာပေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
စိုးလင်းနိုင်(IPRD)