ဆိပ်ဖြူ ၂၂ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါအောင်မြင်သည့် ကုန်ထုတ်လမ်း၊ ရေပေးရေးလုပ်ငန်းများ ရှင်းလင်းပွဲကို နိုဝင်ဘာ ၂၁ရက် မွန်းလွဲပိုင်းက ဆိပ်ဖြူမြို့နယ် ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) ဦးကျော်ဆန်းအောင် နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဒေါ်သက်မွန်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) ဦးကျော်ဆန်းအောင်၊ မြိုန့ယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝန်ထမ်းများက တက်ရောက်ခဲ့သည်။
ထို့နောက် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တင်ဒါအောင်မြင့်သည့် ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ထံက သိရသည်။
ဟေမာမြင့် (ကျေးလက်)


