ဆိပ်ဖြူ ၁၂ ဧပြီ
ဆိပ်ဖြူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင်၊ ပတ္တမြားစျေးနှင့် ညနေပိုင်စျေး (ရွှေမင်းဝန်)ဘုရားစျေးများအား ဧပြီ ၁၂ ရက်နေ့မှစတင်၍ ဧပြီ ၁၉ ရက်နေ့ထိ ယာယီပိတ်ထားမည်ဖြစ်ပါကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဧပြီလ ၁၁ ရက်နေ့က အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်။
ဆိပ်ဖြူမြို့၊ စည်ပင်သာယာရေးကော်မတီအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်အတွက် ပတ္တမြားစျေးနှင့် (ရွှေမင်းဝန်)ဘုရားကြီးစျေးအား ယာယီပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်းနှင့် စျေးအတွင်းအပြင်ပတ်လည် စျေးဆိုင်ခန်းရှင်များနှင့် ပျံကျစျေးသည်များ သိရှိလိုက်နာသွားကြရန်နှင့် ပြင်ပလှည့်လည်၍ ရွှေ့လျားရောင်းချသူများနှင့် စားသုံးသူပြည်သူများအနေဖြင့်လည်း ကာကွယ်ရေးပစ္စည်းများဖြစ်သည့် လက်အိတ်၊ ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ပြီး ရောင်းချသွားကြရန် ကြိုတင်အသိပေးကြေညာခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုမျိုး(ယောဧရာ)


