ဆိပ်ဖြူ  ၂၂  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီဥကို စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ ကြက်သွန်နီ ထွက်နှုန်းကောင်းကာ ယခင်နှစ် ဈေးရနှုန်းရရှိမှုထက်ပိုခဲ့ကြောင်း သိရသည်။

 

96325

 

ဆိပ်ဖြူမြို့နယ်တွင် ဆောင်သီးနှံကို ကြက်သွန်နီအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသတစ်ခုဖြစ်ကာ ကြက်သွန်နီကို ဥစိုက်ပျိုးခြင်း၊အပင်ပျိုးစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြပြီး ကြက်သွန်နီ ဥစိုက်ကို သီတင်းကျွတ်လဆန်းပိုင်းမှ ကိုင်းမြေနှင့် ကုန်းမြေများတွင် ဘောင်တင်ရေသွင်း မြေပြင် စိုက်ပျိုးကြသည်။

 

 ပြာသိုလတွင်တူးဖော်ရောင်းချကြပြီး ၊ကြက်သွန်နီ အပင်စိုက်ပျိုးခြင်းကို ချောင်းမြေ ၊ကုန်းမြေနှင့် အင်းပေါ်မြေတို့တွင် စိုက်ပျိုးကြသည်။ ကိုင်းမြေများတွင်လည်း ဥစိုက်ကြက်သွန်နီတူးဖော်ပြီး သီးထပ်စနစ်ဖြင့် စိုက်ပျိုးကြကာ တပေါင်းလနှင့် တန်ခူးလများတွင် တူးဖော်ကြကြောင်းသိရှိရသည်။

 

963258

 

ယခုနှစ် ကြက်သွန်နီဥစိုက်ပျိုးထုတ်လုပ်ရာတွင် ကြက်သွန်နီထွက်နှုန်းများ ကောင်းမွန်ခဲ့ပြီး ယခင် ဈေးနှုန်းထက် ရရှိမှုပိုခဲ့ကြောင်း ယခင်နှစ်က ကြက်သွန်နီဥစိုက် တစ်ပိဿာလျှင် ငွေကျပ် (၆၅၀) အထိသာ အမြင့်ဆုံးဈေး ရရှိခဲ့ပြီး ယခုလက်ရှိဈေးနှုန်းမှာ တစ်ပိဿာ(၈၅၀)ကျပ်နှင့် (၉၀ဝ)ကျပ်ထိ ရရှိကာ အဦးပေါ်တောင်သူအများအနေဖြင့် တစ်ပိဿာ ကို  (၁၆၀ဝ) ကျပ်ထိရှိကြောင်း ၊ယခင်နှစ်ထက် အမြတ်ပိုမိုရရှိ၍ အရှုံးမရှိကြကြောင်း ကြက်သွန်နီဥစိုက်တောင်သူများထံမှ သိရှိရသည်။ 

 

ကိုဇွဲ (အညာမြေ)