ဆိပ်ဖြူ ဇူလိုင် ၁၃

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဆည်ရေသောက်ဧရိယာများ၌ မိုးစပါးများ စိုက်ပျိုးဆောင်ရွက်နေပြီး  စပါးစိုက်ဧက ၂၀၀ ကျော် ပိုမိုရေပေးဝေထားကြောင်း သိရသည်။

 

ဆိပ်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဆည်တမံကိုးခုအား ထိန်းသိမ်းစောက်ရှောက်၍ စိုက်ပျိုးရေးများ ပေးဝေလျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးစပါးအတွက် စိုက်ဧက ၂၀၀ ကျော်ကို တိုးချဲရေပေးဝေထားရှိကြောင်း သိရသည်။

 

ဆိပ်ဖြူမြို့နယ်တွင် ဝန်ယူတမံတွင် ၁၆၄ ဒဿမ ၅၁ ဧက၊ ဝန်လိုတမံတွင် ၁၂၆ ဒဿမ ၀၈ ဧက၊ ဝန်ချောင်းတမံတွင် ၂၅၈ ဒဿမ ၂၇ ဧက၊ ဖိုးနီတမံတွင် ၄၃ ဒဿမ ၁ ဧက၊ ငချဉ်တမံတွင် ၅၆ ဒဿမ ၂၅ ဧက၊ တမာတမံတွင် ၂၆ ဒဿမ ၇ ဧက၊ တဲကြီးတမံတွင် ၁၂ ဒဿမ ၅ ဧက စုစုပေါင်း  ၆၈၇ ဒဿမ ၄၂ ဧက စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရသည်။

 

ကိုဇွဲ(အညာမြေ)