ဆိပ်ဖြူ ၂၇ ဧပြီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များအား ယနေ့ နံနက်ပိုင်းက ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဧပြီ ၂၅ ရက် ညနေ့ ၃ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၅)ရွာမှ လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည့် လူနေအိမ်များအား ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အဆိုပါကျေးရွာများသို့ သွားရောက်၍ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် ဒေါသာကျေးရွာ၊ လက်ဆည်ကျေးရွာ၊ တောင်ရွာမ၊ ဂဲကုန်းကျေးရွာ၊ အရှေ့ကံတွင်းကျေးရွာများမှ လူနေအိမ်(၃၃)လုံး၊ ပြိုကျနေအိမ် (၁)လုံးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၂၂)မျိုးပါ (၁)ပုံနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၄၄၀ဝ၀ဝ)ကျပ်၊ ဆန်ရိက္ခာတန်ဖိုးငွေ (၂၈၇၇၀ဝ)ကျပ်၊ စုစုပေါင်း ငွေကျပ် (၁၇၂၇၇၀ဝ) အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့် အိမ်ထောင်စုများထံ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)


