ဆိပ်ဖြူ၊ ဇွန် ၆


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာအုပ်စု၊ တဲကြီးကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ​ကျေးရွာ စာသင်ကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင်ပို့ချပေးမည့်ဘာသာ ရပ်များနှင့် သင်တန်းတက်ရောက်ရာ တွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။


အဆိုပါ အသက်မွေးဝမ်းကျောင်းသင်တန်းသို့ ဆိပ်ဖြူမြို့နယ် တဲကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင် တန်းသားဦးရေ ၂၀   တက်ရောက်ကြပြီး သင်တန်းတွင် မီတာဘောက်တပ်ဆင်နည်း၊ အင်တာနယ် ဝါယာရိန်း တပ်ဆင်နည်း၊ လိုင်းတပ်ဆင်နည်း၊ မိန်းပင်နယ်တပ်ဆင်နည်း၊ အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းနည်းနှင့် အိမ်တွင်းလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းနည်း စသည့် သင်ခန်းစာများကို လျှပ်စစ်ကျွမ်းကျင်ပညာရှင်များက ဇွန် ၆ ရက်နေ့မှ ၂၀ရက်နေ့ ထိ(၁၅) ရက်ကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


နွဲ့ယဉ်