ဆိပ်ဖြူ မေ ၁၅

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုများခြင်းကြောင့် ဒေသခံပြည်သူများ ခရီးသွားပြည်သူများ လမ်းအခက်အခဲ၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် လျှပ်စစ်အန္တရာယ်များ ကင်းဝေးစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများက မုန်တိုင်းအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သော  သစ်ပင်များလဲခြင်း၊ လျှပ်စစ်ဓာတ်တိုင်များကျိုးခြင်း၊ ချောင်းကူးရေကျော်များ ပျက်စီးခြင်းများ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဇွဲ(အညာမြေ)