ဆိပ်ဖြူ ၁၄ သြဂုတ်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ရေပြင်အသက်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက ယောချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လေ့ကျင့်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက စက်တပ်ရေယာဉ် စနစ်တကျ မောင်းနှင်နိုင်ရေး၊ ရေပြင် အသက်ကယ်ဆယ်ရေး၊ ရှေးဦးပြုစုခြင်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်လျက်ရှိသည်အညီ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်းထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)


