ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၇
ဆိပ်ဖြူမြို့နယ်၌ ရေသွင်းငရုတ်စိုက်ခင်းများကို ကိုင်းမြေနှင့် ကုန်းမြေတို့တွင် စိုက်ပျိုးဆောင်ရွက်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စားဖိုဆောင်သီးနှံငရုတ်ကို ၃၃၂ ဧက စိုက်ပျိုးခဲ့ပြီး ငရုတ်စိုက်ပျိုးမှုအနေဖြင့် ထိုင်ဝမ်မျိုးစေ့များကို ဝယ်ယူပျိုးထောင်ခြင်း၊ စိုက်ပျိုးမြေပြင်ဆင် ဆောင်ရွက်ခြင်းနှင့် သွင်းအားစုမြေသြဇာများကို ထည့်သွင်းစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြသည်။ ငရုတ်စိုက်တောင်သူများအနေဖြင့် တစ်လလျှင်လေးကြိမ် လုပ်သားများဖြင့် ငရုတ်သီးမှည့်များ ခူးဆွတ်ရကြောင်း၊ ငရုတ်သီးကို ရာသီကုန်အထိ တစ်ဧကလျှင် ပိဿာ ၆၀၀၀ အထိ ထွက်ရှိရန် မျှော်မှန်းထားရှိပြီး လိုအပ်သည့် သွင်းအားစုစိုက်ပျိုးရေနှင့် မြေသြဇာများကို ထည့်သွင်းဆောင်ရွက်ကြကြောင်း၊ လက်ရှိတွင် ငရုတ်သီးတောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေကြောင်း သိရသည်။
စိုးလင်းနိုင်(ပြန်/ဆက်)


