ဆိပ်ဖြူမြို့နယ်ရှိ စားသုံးဆီအရောင်းဆိုင်များအား လုံခြုံစိတ်ချမှုရှိသော စားသုံးဆီမျာ ဖြန့်ဖြူရောင်းချရေး အသိပေးကွင်းဆင်း ဆောင်ရွက်

ဆိပ်ဖြူ   ၂၃  နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ဈေးဆိုင်များတွင် လုံခြုံစိတ်မှုရှိသော စားသုံးဆီများဖြန့်ဖြူးရောင်းချရေး ကွင်းဆင်းအသိပညာ ပေးခြင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ကြောင်း သိရသည်။

 

ဒေသခံပြည်သူအများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် အသုံးပြုလျှက်ရှိသော စားသုံးဆီးများ လုံခြုံစိတ်ချမှုရှိသော စားသုံးဆီများ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ပခုက္ကူခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက ရပ်ကွက်များတွင် ရောင်းချလျှက်ရှိသော စားသုံးဆီအရောင်းကို လုံခြုံမှု အပြည့်အ၀ အာမခံချက်ရှိသော စားသုံးဆီများဖြန့်ဖြူး ရောင်းချရေး၊ ရောနှောစားသုံးဆီများ အာမခံချက်မရှိသော စားသုံးဆီများအန္တရာယ် ကျန်မာရေးဆိုင် ဆိုးကျိုးများကို အသိပညာပေးများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အချက်အလက်များအကြောင်းနှင့် ထုတ်ကုန် အညွှန်အမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှုဆိုင်ရာ အချက်များအကြောင်းကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

 

စိုးလင်းနိုင်(IPRD)