ဆိပ်ဖြူ ၁၂ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ငွေ၊ ပိုလျှံငွေများဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများကို ကွန်ကရစ်ခင်းခြင်း၊ မြေနီခင်းခြင်း၊ ရေကျော်ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းအနားများတိုးချဲ့ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီမရွေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် တိုင်းဒေသကြီးဘတ်ဂျက်ငွေဖြင့် ကွန်ကရစ်လမ်း (၄)လမ်း၊ ပေပေါင်း (၃၀၃၉) ပေတွင် (၁၂ ပေ၊ ၆ လက်မ) လမ်း(၂)လမ်း၊ (၁၄ ပေ၊ ၆ လက်မ)နှင့် (၁၈ ပေ၊ ၈ လက်မ) လမ်း (၂)လမ်း နှင့် လမ်းအနားတိုးချဲ့ခြင်းတွင် ကွန်ကရစ်လမ်း (၂) ဖက် (၄)လမ်း နှင့် ကတ္တရာလမ်း (၁)လမ်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး ပိုလျှံငွေဖြင့် ကွန်ကရစ်လမ်း (၄)လမ်း၊မြေနီလမ်းနှင့်ကွန်ကရစ် ရေကျော်လမ်း (၁)လမ်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ တာဝန်ရှိသူများက အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး လိုက်လံကြီးကြပ် စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ကိုမျိုး (ယောဧရာ)


