ဆိပ်ဖြူ၊ ၁၄  ဇွန်

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဆိပ်ဖြူမြို့နယ်၏ ဒေသအဓိကထွက်ကုန်ဖြစ်သည့် ကြက်သွန်နီအခြေခံရည်ညွှန်းဈေး သတ်မှတ်ပြဌာန်းနိုင်ရေး ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၃ ရက်နေ့ ညနေ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (C0mmunity Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဦးမြင့်ချိုက ဒေသခံတောင်သူများ ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မိတ်ဆက်စကားများ ပြောကြာပေးပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒေသခံတောင်သူများက ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ ၊ ဈေးကွက်ရရှိမှု အခြေအနေများကိုလည်းကောင်း ၊ ကြက်သွန်နီတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များက ကြက်သွန်နီတင်ပို့ရောင်းချသည့် လုပ်ငန်းများကို အသီးသီး တင်ပြကြကာ ကြက်သွန်နီအခြေခံရည်ညွှန်းဈေး သတ်မှတ်ပြဌာန်းနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် အား ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဖွဲ့သည် တောင်သူစိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီမျိုး နမူနာများနှင့် တင်ပို့ရောင်းချလျက်ရှိသည့် ကြက်သွန်နီ အမျိုးအစားများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

 

ကိုဇွဲ ( အညာမြေ)