ဆိပ်ဖြူ ၁၂ မတ် 

 

မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်တွင် ဝေါလ်ဗီးရှင်းမြန်မာ ဆိပ်ဖြူမြို့နယ်ရုံးက ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်များ ကာကွယ်စောင်ရှောက်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို မတ်လ ၁၂ ရက်နေ့ နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre)တွင် ပြုလုပ်သည်။

 

5

 

 

အဆိုပါ အသိပညာပေးပွဲကို ကလေးသူငယ်ဖွံ့ဖြိုးရေး ၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အချက်လက်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကလေးငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင်  ဝေါလ်ဗီးရှင်းမြန်မာ ဆိပ်ဖြူမြို့နယ်ရုံးမှ ကလေးသူငယ်ဖွံ့ဖြိုးရေး စီမံချက် တာဝန်ခံ ဦးကျော်စိုးလင်းနှင့် ဝန်ထမ်းများက ကလေးသူငယ်များ၏ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင်ရှောက်ရေးခြင်းဆိုင်ရာ အချက်များကို ကျောင်းသား/ကျောင်းသူလေးများအား ပြောကြားပေးပြီး ၊ ကလေးသူငယ်များ အချင်းချင်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်  ပျော်ရွှင်စရာ ဂိမ်းကစားနည်းများဖြင့် အသိပညာပေးများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

စိုးလင်းနိုင်(IPRD)