ဆိပ်ဖြူ ၁၆ မေ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မေ ၁၄ ရက် ညနေ ၄နာရီခွဲခန့်က လေပြင်းတိုက်ခတ်၍ လူနေအိမ် အဆောက်အဦ အချို့ အမိုးလန်ပျက်စီးခြင်း ၊ မိုးကြိုးပစ်ခြင်းကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတို့အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် မေ ၁၄ ရက်က ဇွန်းမရဲစခန်းအပိုင် ကျောင်းရွာအုပ်စု ၊ကျွန်းမကြီးကျေးရွာနေ ဦးဖိုးအေး၏သား ဖိုးထူး(၁၉) နှစ် သည်နေအိမ် နွားတင်းကုပ်အတွင်း နွားစာစဉ်းနေစဉ်အချိန်၌ လေပြင်းတိုက် မိုးကြိုးထိမှန်၍ ခန္ဓာကိုယ် ဝဲဘက်ခြမ်း မဲလျှက် နေရာတွင်သေဆုံးသွားခြင်း၊ အလားတူ ကဇွန်းမရွာသစ်ကျေးရွာနေ ဦးသန်းဖေ (၅၈)နှစ် သည် ဝန်ချောင်း ဆည်အနီးတွင် ကျွဲကျောင်းနေစဉ် မိုးကြိုးစက်ကွင်းမိ၍ လဲကျသွားပြီး ကဇွန်းမတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရှိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကော်တုံကျေးရွာအုပ်စု ဖက်တဲကျေးရွာ။ရှောက်ပင်အင်းကျေးရွာအုပ်စု ရှောက်ပင်အင်း ကျေးရွာ၊ မင်းချမ်းကျေးရွာတို့တွင် လူနေအိမ် (၉)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းအရ သိရှိရပြီး ကော်တုံကျေးရွာနှင့် သံချောင်းကျေးရွာတို့တွင် လူနေအိမ်အချို့နှင့် သာသနိက အဆောက်အဦး ဘုရားတန်ဆောင်း၊ဇရပ် နှင့် အလယ်တန်းကျောင်းဆောင်တစ်ဆောင်တို့ ပျက်စီးခဲ့ကြောင်း နောက်ဆက်တွဲသတင်းများအရပြီး မေ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် လူနေအိမ် စုစုပေါင်း (၂၉ )လုံးနှင့် အခြား အဆောက်အဦး( ၈)လုံး အမိုလန် ပျက်စီးခြင်း ၊မိုးကြိုးထိမှန် တစ်ဦးသေဆုံးပြီး ၊တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ထိုသို့လူနေအိမ် ပျက်စီးမှုများ၊ လူသေဆုံးမှု နှင့်ဒဏ်ရာ ရှိမှုတို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန က ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ မိုးကြိုးထိမှန်သေဆုံးသူအတွက် ငွေကျပ် ၃ သိန်း ၊ထိခိုက်ဒဏ်ရာ ရသူအတွက် ငွေကျပ် (၅)သောင်း ၊ နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများမှ လူဦးရေ (၁၁၃ )ဦးအတွက် တစ်ပတ်စာ ရိက္ခာဆန်ဖိုး တစ်ဦးလျှင် ကျပ် ၂၁၀ဝ နှုန်းဖြင့် ငွေကျပ် (၂၃၇၃၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ် ၁၂၅၀ဝ၀ဝ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၈၃၇၃၀ဝ) ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။
စိုးလင်းနိုင်(IPRD)