ဆိပ်ဖြူ     ၁၅   မေ   

 

ဆိပ်ဖြူမြို့နယ်တွင် မြေအောက်ရေးဖြင့် တစ်မြို့နယ်လုံး နွေနှမ်းစိုက်ပျိုးဧက စုစုပေါင်း (၂၉၄) ဧက စိုက်ပျိုးပြီးဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်ထံမှ သိရှိရသည်။

 

မြေအောက်ရေဖြင့် ဆိပ်ဖြူမြို့နယ်တွင် အများဆုံးနွေနှမ်းစိုက်ပျိုးပြီးသည့် ချင်တောင်ကျေးရွာ၌ စိုက် ဧက (၆၇) ဧကကို ကိုယ်ပိုင်ရေတွင်းများဖြင့် မြေအောက်ရေကို ရေစုပ်စက်များ အသုံးပြုပြီး ရေသွင်း စိုက်ပျိုးကြရာတွင် မနှစ်က တစ်ဧကလျှင် (၁၈)တင်းမှ (၂၅)တင်းထိ ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ရိတ်သိမ်းမှု မရှိသေးသော်လည်း အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် နွေနှမ်းစိုက်ပျိုးရာတွင် စမုံနက်နှမ်းကို စိုက်ပျိုးပြီး GAP နည်းစနစ်ဖြင့် တောင်သူများအား အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြေအောက်ရေဖြင့် နွေနှမ်းစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း သိရှိရသည်။

 

ကိုမျိုး (ယောဧရာ)