ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပတ္တမြားဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို နိုင်ငံပိုင်အဆောက်အဦးများနှင့် ဒေသခံပြည်သူများ ဒေသခံပြည်သူ များ၏ အသက်စည်းဇိမ်ဥစ္စာများကို မီးလောင်ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်ဆောင်ရွက်နိုင်ရန်နှင့် အရေပေါ် အခြေအနေများဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည်လုပ်ငန်းရပ်များ သိရှိလိုက်နာဆောင်ရွက်ရေး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ သင့်(၄)သင့်နှင့်အညီ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်နိုင်ရေး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်များ စွမ်းရည်ပြည့်ဝစွာ လေ့ကျင့်ဆောင်ရွက်ရေးတို့အတွက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအေးမင်းမောင်ကြီးကြပ်၍ မြို့မ မီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယဦးစီးမှူး ဦးအောင်ဘိုဝင်းနှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေးယာဉ်များ၊ ရေသယ်ယာဉ်များအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ရေး လုပ်ငန်များ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအေးမင်းမောင်နှင့် တပ်ဖွဲ့ဝင်များက ဈေးသူ ဈေးသားများနှင့် ဒေသခံ ပြည်သူများအား မီးလောင်ရခြင်းအကြောင်း သိကောင်းစရာများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးသတ်ဆေးဘူးများနှင့် အရေးပေါ် လက်တွေမီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြသပေးပြီး ဈေးသူ ဈေးသားများက လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)