ဆိပ်ဖြူ     မတ်     ၂

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့ နံနက် ၁၀ နာရီက ဆိပ်ဖြူမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပ ပြုလုပ်သည်။

 

အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှု၊ ဌာနဆိုင်ရာဝန်ထမ်းများ စေတနာအလှူရှင်များက ပူးပေါင်း၍ မြို့ပေါ်(၄)ရပ်ကွက်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစား (၂၆၈)ဦးအား ဆန်၊ ဆီနှင့် အာဟာရပြည့်စွက်စာ စားသောက်ကုန်များ၊ ကျန်းမာရေး အားဆေးများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အငြိမ်းစား ဝန်ထမ်းများအား နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောက်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် အာဟာရတိုက်ကျွေးခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။ 

ကိုဇွဲ(အညာမြေ)