ဆိပ်ဖြူ    အောက်တိုဘာ ၁၂

         

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်တို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများကို ပန်းချီပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

          

အဆိုပါသင်တန်းကို ကျောင်းသား ကျောင်းသူများ မိမိတို့၏သဘာဝပတ်ဝန်းကျင် ကိုချစ်ခင်မြတ်နိုး ပြီးပန်းချီပညာ လေ့လာဆည်းပူးတတ်စေရန်၊ ပန်းချီပညာရပ်ဖြင့် အခြေခံပညာကျောင်းများတွင် ကျင်းပသော ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အောက်တိုဘာလ (၆) ရက်မှစတင်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပန်းချီပညာသင်တန်းသို့ ကျောင်းသား/ကျောင်းသူ (၁၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ယခုသင်တန်းတွင် ပန်းချီ အခြေခံသဘောတရာများ ၊ ခဲပန်းချီ ၊ ရေဆေးနှင့် ကာလာအရောင် သဘောတရားများ ဆေးရောင်စပ်နည်းပညာရပ်များ၊ သဘာဝပတ်ဝန်းကျင် ရှုခင်းရေးဆွဲနည်းများကို စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ အောက်တိုဘာ (၆)ရက်နေ့မှ အောက်တိုဘာလကုန်အထိ နံနက်(၉)နာရီမှ (၁၁)နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပန်းချီသင်တန်းဆရာ ဦးဇော်ဇော်လင်း၏ ပြောပြချက်အရ သိရသည်။

 

ကိုဇွဲ ( အညာမြေ)