ဆိပ်ဖြူ ၁၄ ဇန်နဝါရီ  

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီလ ၁၃ရက် ညနေ ၃နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့ စခန်းတွင် လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

 

mdn

 

အဆိုပါလေ့ကျင့်ခြင်းကို မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်လင်းက ကြီးကြပ်၍ မြို့မ မီးသတ်စခန်းမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အုပ်စု(A)၊ အုပ်စု(B) နှစ်ဖွဲ့ခွဲ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဆိပ်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ် ပစ္စည်းများနိုင်ငံပိုင် အဆောက်အဦးများနှင့် ထုတ်ကုန်အရင်းအနှီးများ ဘေးအန္တရာယ် အမျိုးမျိုးမှ တားဆီးကာကွယ်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်သော တုံ့ပြန်ကယ်ဆယ်ဆောင်ရွက်နိုင်ရန် စွမ်းရည်ပြည့်ဝသော  အရန်မီးသတ်တပ်ဖွဲ့၏ မီးသတ်သမားကောင်းများဖြစ်စေရန်နှင့် ထိခိုက်မှုအန္တရာယ်များ နည်းပါးသက်သာစေရန်၊ မီးသတ်သမားတို့၏ တတ်အပ်သောပညာရပ်များဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်ကြောင်း သိရသည်။

 

စိုးလင်းနိုင်(IPRD)