နေပြည်တော် ၂ အောက်တိုဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆိုင်ဘာလုံခြုံရေးဦးစီးဌာနမှ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို Zoom Application ဖြင့် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်စေရန် ဆိုက်ဘာလုံခြုံရေးသင်တန်းတွေကို ပို့ချပေးနေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာ e-Government တိုးတက်မှု ညွှန်းကိန်းသည် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၆၉ မှာ ရှိခဲ့တာဖြစ်ပြီး အခု ၂၀၂၀ ခုနှစ်တွင် ၁၄၆ ထိ တိုးတက်လာကြောင်း သိရပါသည်။ ထို့အပြင် ဆိုက်ဘာလုံခြုံရေးကို လုပ်ဆောင်သည့်အခါတွင် တိုက်ခိုက်မှု အမျိုးမျိုးကို ရှုထောင့်ပေါင်းစုံက ကြုံတွေ့ရနိုင်မည် ဖြစ်သည့်အတွက် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။ ဆွေးနွေးပွဲကို ပြည်နယ်/ တိုင်းဒေကြီးအစိုးရအဖွဲ့များမှ Chief Information Officer များ၊ နည်းပညာတက္ကသိုလ်၊ သုတနည်းပညာ ဌာနမှ ပါမောက္ခများ၊ ဌာနမှူးများ၊ ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာ သိပ္ပံပညာဌာန/ ကွန်ပျူတာ နည်းပညာဌာနမှ ဌာနမှူးများပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#MRTV