ဆိုလာပြားအပူရှိန်လွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်

မိုးညို ၂၄ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတော်တလုတ်အုပ်စု၊ မကျီးကုန်း ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က နေအိမ်တစ်လုံးမီးလောင်ကျွမ်းကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဖုန်းဆက်အကြောင်းကြားသဖြင့်  မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ သွားရောက်ခဲ့ကြောင်း သိရသည်။

 

သွားရောက်စစ်ဆေးခဲ့ရာတွင် မီးလောင်ကျွမ်းသည့်နေအိမ်မှာ ကိုချိုကြီး(၁)ခိုင်မင်း(၄၂)နှစ် ကျဘမ်း လုပ်သူ ဖြစ်ပြီး ၎င်းနေအိမ်ခေါင်းမိုးပေါ်တွင် တင်ထားသော(ဝပ်-၈၀)ရှိ ဆိုလာပြားအပူရှိန်လွန်ကဲရာမှ အိမ်ခေါင်မိုးမှတစ်ဆင့် နေအိမ်အား မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးအားပေါ့ဆစွာအသုံးပြုသူ ချိုကြီး(ခ)ခိုင်မင်းအား  မိုးညိုမြို့မရဲစခန်းမှ  အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                   

 

ဦးအောင်မင်းနိုင်(ရုပ်သံ-၃)