နိုင်ငံတကာမြို့ကြီးတွေလို  တဖြည်းဖြည်း  ဖွံ့ဖြိုးတိုးတက်ပြီး  ကြီးမားကျယ်ပြန့်လာတဲ့ ရန်ကုန်မြို့ဟာ ဆင်ခြေဖုံးမြို့နယ်တွေမှာလည်း စီမံကိန်းတွေနဲ့ ဝေဆာနေပါတယ်။ မြို့တွင်း၊ မြို့ပြဖွံ့ဖြိုးရေးသာမကဘဲ ရန်ကုန်မြို့ရဲ့ ရှေ့နောက်တောင်မြောက်တွေပါမကျန် ဖွံ့ဖြိုးရေး စီမံကိန်းတွေ  အကောင်အထည်ဖော်ဖို့ရှိနေတာမို့ ရန်ကုန်မြို့ဟာ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရဲ့ ဝန်းကျင်လို ဟန်ချက်ညီညီ တိုးတက်အောင်ထူထောင် သွားမယ်လို့ ဆိုပါတယ်။

“ရန်ကုန်မြို့ဝန်းကျင်ကို  ဆိုးလ်မြို့ဝန်းကျင်ကဲ့သို့  စမတ်စီးတီး မြို့သစ်များနဲ့ ဝန်းရံထားသလို ခေတ်မီမြို့သစ်စီမံကိန်းများ ထူထောင် သွားမယ်”  လို့  ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က စက်တင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့   Korea Land and Housing Coorporation  တို့အကြား စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ Lottel ဟိုတယ်မှာပြုလုပ်တဲ့ ဒလ မြို့သစ်စီမံကိန်း    အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ    နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့          တစ်ဖက်ကမ်းမှာရှိတဲ့      ဒလမြို့သစ်စီမံကိန်းကို   အကောင်အထည်ဖော်ဖို့အတွက်  တောင်ကိုရီးယားကုမ္ပဏီနဲ့အတူ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ကလည်း ပူးပေါင်းပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။ ဒလမြို့သစ် စီမံကိန်းဟာ ရန်ကုန်မြို့ အနောက်ဘက်ခြမ်းရဲ့     စမတ်စီးတီးဖြစ်လာ စေရေး မျှော်မှန်းထားတာ ဖြစ်ပါတယ်။

အဲ့ဒီလို  ရန်ကုန်မြို့အနောက်ဘက်ခြမ်း  ဒလမြို့နယ်မှာ  မြို့သစ် စီမံကိန်းဖြစ်ထွန်းဖို့ရော  ဘက်စုံဖွံ့ ဖြိုးတိုးတက်စေဖို့အတွက်    မြန်မာ-ကိုရီးယား  ချစ်ကြည်ရေး  ရန်ကုန်-ဒလတံတားလည်း    စတင်တည် ဆောက်နေပြီဖြစ်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး  “ရန်ကုန်မြို့မှာ  မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတား စတင်တည်ဆောက်နေပါပြီ။   ပြီးရင် ဒလဘက်ဟာ ဖွံ့ဖြိုးတိုးတက်လာမယ့်နေရာ ဖြစ်ပါတယ်။  ဒီဖွံ့ ဖြိုးတိုးတက်မှုဟာ အခုချိန်က စတင်ပြီး  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမယ့်    အခြေအနေဖြစ်ပါတယ်။      ဒလဘက်ခြမ်းဟာ  ရန်ကုန်မြို့ရဲ့  စီးပွားရေးဖွံ့ ဖြိုးမှုအချက်အချာကျတဲ့  ဧရိယာနဲ့  ကပ်လျက် နေရာမှာ တည်ရှိနေပါတယ်။ ဒါကြောင့် နေရာကောင်းတဲ့အတွက်    စနစ်တကျ   ဖွံ့ဖြိုး တိုးတက်စေချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆက်လက် ပြောကြားပါတယ်။ 

ဆိုးလ်မြို့ဝန်းကျင်ကဲ့သို့ ဖြစ်ပေါ်လာမယ့် ရန်ကုန် . . . မှ

ရန်ကုန်-ဒလ  မြစ်ကူးတံတားတည်ဆောက် ရေးအတွက်  ၂၀၁၉  ခုနှစ် ဇွန် ၂၈ ရက်က  ဒလ ဘက်ခြမ်းမှာ ဘိုးပိုင်စတင်တူးခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။  ရန်ကုန်-ဒလတံတားကို      တောင်ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု  ပူးပေါင်းဆောင်ရွက်ရေး  ရန်ပုံငွေ (EDCF) ရဲ့  ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ  ၈၃၃  သန်း၊      မြန်မာအစိုးရထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ  ၃၀  ဒသမ  ၃၄၁  သန်းတို့နဲ့   အကောင်အထည်ဖော်  တည်ဆောက်နေတာ ဖြစ်ပါတယ်။  အဲဒီတံတားဟာ   လေးလမ်းသွား၊  သံမဏိကြိုးဆိုင်းအမျိုးအစားဖြစ်ပြီး     တံတားအရှည်    ၆၁၄၄    ပေရှိကာ  အမြင့်  ၄၉  ပေရှိတဲ့ တံတားဖြစ်လို့      ဒီတံတားပြီးစီးသွားရင်      ဒလမြို့နယ်ရဲ့  ဖွံ့ဖြိုးမှုဟာ  ရန်ကုန်မြို့  အနောက်ဘက် ဝန်းကျင်ရဲ့  ဖွံ့ဖြိုးမှုအဖြစ်  ဖြစ်ထွန်းပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ကိုရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်း

ရန်ကုန်မြို့ရဲ့ လှည်းကူးမြို့နယ် ညောင်နှစ်ပင် သင်တန်းကျောင်းနေရာမှာ မြေဧက ၅၅၅ ဒသမ ၈၁  ဧကပေါ်မှာ  အမေရိကန်ဒေါ်လာ  သန်း  ၁၁၀ ခန့်   ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့်  ကိုရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကိုလည်း      စတင်လိုက်ပြီ ဖြစ်ပါတယ်။  

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကိုရီးယားဘက်မှ Korea Land & Housing Coorporation   တို့        ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မှာ   ဖြစ်ပါတယ်။ တောင်ကို ရီးယားမှ ၆၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက ၄၀ ရာခိုင် နှုန်းပါဝင်မှာဖြစ်တဲ့  အဲဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ပြီး  သုံးနှစ်အတွင်း အပြီးတည်ဆောက်မှာဖြစ်ပါတယ်။

ကိုရီးယား-မြန်မာစက်မှုမြို့တော်စီမံကိန်းမှာ အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်း တွေသာမက သင်တန်းကျောင်း၊ ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနဲ့  ရေဆိုးသန့်စင်စက်ရုံ၊    စီမံခန့်ခွဲရေးရုံးနဲ့ အခြားစီးပွားရေးဆိုင်ရာ      ဝန်ဆောင်မှုဇုန်တွေ ပါဝင်မှာဖြစ်ပါတယ်။  ဒီစီမံကိန်းကနေပြီး  အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းခန့် ပေါ်ထွက်လာ မှာဖြစ်တာမို့ ရန်ကုန်မြို့ဝန်းကျင်မှာ ဖွံ့ဖြိုးတိုးတက် လာမယ့်စက်မှုမြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။

အသေးစားစက်မှု ဥယျာဉ်စီမံကိန်း(မလစ်)

ဒါ့အပြင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မလစ် ရွာအနီး မြေဧက ၅၅၀ ခန့်မှာ အကောင်အထည် ဖော်ဖို့ရှိနေတဲ့      မြို့တော်သစ်အသေးစားစက်မှု ဥယျာဉ်စီမံကိန်း(မလစ်)ကိုလည်း   New City Development Public Co.,Ltd ၏  တည် ဆောက်ရေးစီမံကိန်းအဖြစ်  ဆောင်ရွက်ဖို့  စီစဉ်နေပြီဖြစ်ပါတယ်။ အဲဒီစီမံကိန်းအကောင်အထည် ပေါ်လာခဲ့ရင် ရန်ကုန်မြို့ဝန်းကျင်ရဲ့ စက်မှုဥယျာဉ် စီမံကိန်း  ဖွံ့ဖြိုးမှုပုံရိပ်သစ်တစ်ခုအဖြစ်  ဝန်းရံပေး ဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် လှည်းကူးမြို့နယ်အတွင်း ဧက ၇၀ဝ ခန့်ရှိ    ဇရပ်ကွင်းဥယျာဉ်စက်မှုဇုန်နဲ့  ဧက  ၅၀ဝ ခန့်ရှိတဲ့ ရှမ်းတဲကြီး အကြီးစားစက်မှုဇုန်တို့လည်း အကောင်အထည်ဖော်မယ့်  စီမံကိန်းတွေ ဖြစ်ပါတယ်။  အဲဒီစီမံကိန်းတွေအပြင်        ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ အရှေ့ ဒဂုံခေတ်မီစက်မှုဇုန်(၁)နဲ့ (၂)တို့ကို   အကောင်အထည်ဖော်ဖို့ ပရော့ဂျက်ဘဏ်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

အဲဒီစက်မှုဇုန် (၁) နဲ့ (၂)မှာ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ၊      ကုန်သွယ်မှုနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊  လူနေရာ၊  အိမ်ရာ တွေ၊  စီးပွားရေးဇုန်တွေ  ပါဝင်မှာဖြစ်ပြီး  ဇုန်နှစ်ခု စလုံးအတွက်  အကြိုလေ့လာမှုလုပ်ငန်းတွေ ပြီးစီး ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာအဆင့်မီ မြို့ ကြီးတစ်မြို့

ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမှာ ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို                အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပြီဖြစ်လို့      နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့ဟာ ရန်ကုန်မြို့နဲ့ နီးကပ်စွာထွက်ပေါ် လာဦးမှာဖြစ်ပါတယ်။      ဒါ့အပြင်        ရန်ကုန်မြို့ ထန်းတပင်မြို့နယ်အတွင်းမှာ  အကောင်အထည် ဖော်မယ့် စက်မှုဇုန်စီမံကိန်းနဲ့ အိမ်ရာစီမံကိန်းတွေ၊ သီလဝါအထူးစီးပွားရေးဇုန်မှာ နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့  တည်ဆောက်အကောင်အထည် ဖော်မယ့် စီမံကိန်းလည်း ရှိနေပါတယ်။

ဒီလိုစီမံကိန်းတွေကြောင့်  လာမယ့်ငါးနှစ်အတွင်းမှာ ရန်ကုန်မြို့ဟာ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ဝန်းကျင်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုတွေ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလာမယ့် နိုင်ငံတကာအဆင့်မီ မြို့ ကြီးတစ်မြို့အဖြစ်    ထွက်ပေါ်လာမှာ   သေချာနေပါတယ်။    

ဆွေဦးဝေ