မိုဂါဒစ်ရှူး၊ ဧပြီ ၂၇

 

ဆိုမာလီနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း ဆိုးရွားသည့် မိုးခေါင်မှုအခြေအနေကို ဖြေရှင်းရန် ဆိုမာလီ လူသားချင်းစာနာမှု ရန်ပုံငွေ (အက်စ်အိတ်ချ်အက်ဖ်)မှ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၄ သန်းကို သုံးစွဲခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီက ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။

 

ဆိုမာလီနိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် အကာအကွယ်များ လိုအပ်နေသည့် လူအရေအတွက်မှာ ၂၀၂၁ ခုနှစ်က ၅ ဒသမ ၉ သန်း ရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၇ ဒသမ ၈ သန်းအထိ တိုးလာခဲ့ကြောင်း ဆိုမာလီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အက်ဒမ် အက်ဒဲမိုလာက ပြောကြားသည်။

 

ဆိုမာလီနိုင်ငံ၌ နှစ် ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြောင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရန်ပုံငွေကို မဟာဗျူဟာကျကျ အသုံးပြုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၂၁ တွင် ဒေါ်လာ ၅၈ ဒသမ ၇ သန်းရရှိရာမှ ၂၀၂၂ခုနှစ် တွင် ဒေါ်လာ ၆၇ သန်းအထိ ပံ့ပိုးမှုများ တိုးမြင့်လာသည့်အတွက် ၎င်းက အလှူရှင်နိုင်ငံများအား ချီးကျူးထားကြောင်း သိရသည်။

 

ဆင်ဟွာ