၂၁ မေ
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ပြီး တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံးပြီး သန်းချီတဲ့ လူတွေ ယာယီစခန်းတွေမှာ နေထိုင်နေကြရတာကို တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံမှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေပေမယ့် ယာယီစခန်းတွေမှာ ကျပ်သိပ်ပြီး နေထိုင်ကြရတာကို တွေ့ရပါတယ်။
အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေတာကို တွေ့ရပါတယ်။ တစ်နာရီ ၁၅၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့အတွက် နံရံတွေ၊ ခေါင်းမိုးတွေ ပျက်စီးတာကို တွေ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ရာ ရေနစ်ပြီး သေဆုံးတဲ့ စေတနာ့ဝန်ထမ်းတစ်ဦး၊ မုန်တိုင်းကြောင့် သစ်ပင်ပိပြီး သေဆုံးနေတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ပါဝင်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP