၂၂ မေ
၁၉၉၉ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၉၅ ဦး သေဆုံးကာ အပျက်အစီးများကို ယမန်နေ့က ရှင်းလင်းခဲ့ရကြောင်း သိရသည်။
မုန်တိုင်းကြောင့် အိမ်များ ပျက်စီးခြင်း ခေါင်မိုးများ ပြုတ်ထွက်ခြင်း၊ သစ်ပင်ကြီးများ လဲပြိုခြင်းနှင့် လျှပ်စစ်ဓာတ်အားတိုင်များ ပြိုကျခြင်း၊ ကမ်းရိုးတန်းကျေးရွာများနှင့် ဒေသစီးပွားရေးအတွက် အရေးပါသည့် ပုစွန်မွေးမြူရေးခြံများ ပျက်စီးခဲ့ပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
လူပေါင်း ၁၀ သန်းသည် မုန်တိုင်း၏ သက်ရောက်မှုကို ခံစားခဲ့ရပြီး လူပေါင်း ၅၀ဝ,ဝ၀ဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရ်ရှိ ကုလသမဂ္ဂရုံးမှ ခန့်မှန်းပြောဆိုထားသည်။
သို့သော်လည်း ယခင်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်စဉ်ကာလများထက် သေဆုံးသူ အရေအတွက် နည်းပါးမှုရှိသည် ဟု ဆိုသည်။
ရာသီဥတု ခန့်မှန်းချက်တိုးတက်လာခြင်းနှင့် ပိုမိုကောင်းမွန်သည့် တုံ့ပြန်မှုအစီအစဉ်များကြောင့် ဖြစ်ကြောင်း သိရသည်။
မုန်တိုင်းအန္တရာယ်ကြောင့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး မုန်တိုင်းအမိုးအကာများ၌ လူများ ပြည့်နှက်နေခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ပိုမိုဆိုးရွားစေလိမ့်မည် ဖြစ်သည်။
အိန္ဒိယမြို့တော် ကိုလ်ကတ္တားတွင် သေဆုံးသူ ၁၅ ဦး ရှိပြီး အနောက် ဘန်ဂေါတွင် ၇၂ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
အမ်ဖန်မုန်တိုင်းလောက် ပြင်းထန်သည့် မုန်တိုင်းအန္တရာယ်ကို မမြင်ဖူးဘူးကြောင်း ၁၇၃၇ ခုနှစ်မှာ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီးကတည်းက ဒီပြည်နယ်မှာ တိုက်ခိုက်တဲ့ အဆိုးရွားဆုံး မုန်တိုင်းပဲ” ဟု အိန္ဒိယအနောက်ပိုင်း ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘန်နာဂျီ သည် ဆိုင်ကလုန်း၏ သက်ရောက်မှုသည် ကိုရိုနာဗိုင်းရပ်ထက် ပိုမိုဆိုးရွားလိမ့်မည်ဟု အစောပိုင်းတွင် ၎င်းက ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၃ ဦးသေဆုံးကြောင်း တရားဝင်စာရင်းများအရ သိရသည်။
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ယနေ့တွင် အနောက်ဘင်္ဂလားနှင့် အိုဒီရှီးဟာ ပြည်နယ်များရှိ ပျက်စီး ဆုံးရှုံးမှုများကို စစ်ဆေးပြီး အကူအညီများ ပေးသွားမည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။
မိုးလေဝသခန့်မှန်းချက် တိုးတက်လာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်သည် လူပေါင်း ၂ဒသမ ၄ သန်းခန့်ကို အမိုးအကာများသို့ ပို့ဆောင်နိုင်ခဲ့ပြီး အိန္ဒိယသည်လည်း လူပေါင်း ၆၅၀ဝ၀ဝ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့နိုင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဆိုးရွားဆုံးထိခိုက်ပျက်စီးသောဒေသများ၌ အနည်းဆုံးလူ ၁၀ သန်းလျှပ်စစ်မီး မရရှိသေးကြောင်း ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားဘုတ်အဖွဲ့မှူးက ပြောကြားခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-မေဇော်ထက်