၃ မေ

 

အိန္ဒိယသမုဒ္ဒရာတွင် ပြီးခဲ့သည့်နှစ်များက ကျရောက်ခဲ့သည့် အကြီးဆုံးမုန်တိုင်းများ အနက် တစ်ခုဖြစ်သည့် ဆိုင်ကလုန်း မုန်တိုင်း ဖန်နီ သည် အိန္ဒိယအရှေ့ပိုင်းတွင် ယနေ့ ကျရောက်ခဲ့သည် ဟု အိန္ဒိယ မိုးလေဝသ ဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။

 

mdn

 

အဆိုပါ မုန်တိုင်း ဖန်နီ သည် တစ်နာရီလျှင် ၁၇၅-၁၈၀ ကီလိုမီတာ (၁၁၀မိုင်)အမြန်နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး နာရီဝက်အကြာ ပြန်လည်ဆုတ်ခွာသွားကြောင်း အိုဒိချ ပြည်နယ် ဘူဘာနိစဝါ မြို့တော်ရှိ အိန္ဒိယမိုးလေဝသဌာန ညွှန်ကြားရေးမှူး ဘစ်ဝပ်စ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

မနက် ၈ နာရီတွင် ထိုမုန်တိုင်းကျရောက်ခဲ့ကြောင်း အိန္ဒိယ မိုးလေဝသဌာန က တွစ်တာတွင် ရေးသားဖော်ပြထားသည်။

 

ကြိုတင်ခန့်မှန်းသူများက  ဖန်နီ မုန်တိုင်း သည် လေတိုက်နှုန်း တစ်နာရီ လျှင် ၁၈၀ -၁၉၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ရောက်ရှိမည်ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုနှုန်းမှာ တစ်နာရီလျှင် ၂၀ဝ ကီလိုမီတာ ထိ တိုက်ခတ်မည်ဖြစ်ရာ ဟာရီကိန်းမုန်တိုင်း အဆင့် ၃ - ၄  အင်အားပြင်းထန်မှု ရှိကြောင်း ပြောကြားထားသည်။        
    

မကြာသေးမီ နေ့ရက်များက အိုဒိရှ ပြည်နယ်အာဏာပိုင်များက ထိုမုန်တိုင်း မကျရောက်မီ ပြည်သူတစ်သန်းကျော်ကို ဘေးကင်းရန် ကယ်ဆယ်ရေးစန်းများသို့ ထွက်ခွာကြဖို့ နှိုးဆော်ထားကြောင်းနှင့်  ထိုပြည်နယ်တွင် ၁၉၉၉ ခုနှစ်က ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့သဖြင့် သေဆုံးသူ တစ်သောင်းကျော်ရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား - အေအက်ပ်ပီ            
ဘာသာပြန် -မြင့်မြင့်ချို