ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ် ၁၄ သိန်းခွဲ ခိုးယူသူအား၂၄ နာရီအတွင်းဖမ်းမိ

အိမ်မဲ  ၂၁ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ချောင်းဝရပ်ကွက်(၂)လမ်း CB Bank ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ် ၁၄ သိန်းခွဲ ခိုးယူသူအား မြို့နယ်ရဲစခန်းမှ ၂၄ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း သိသည်။

 

3721

 

ဖစ်စဉ်မှာ အိမ်မဲမြို့ ချောင်းဝရပ်ကွက်(၇)လမ်းနေ ဦးမျိုးဝေအောင် (၃၂)နှစ်သည် ဧပြီ ၁၉ ရက် နံနက် ၁၁ နာရီ က အိမ်မဲမြို့ ချောင်းဝရပ်ကွက်(၂)လမ်းရှိ CB Bank သို့ ငွေလွှဲရန်သွားရောက်ခဲ့ပြီး ငွေလွှဲနေစဉ် ဆိုင်ကယ်တူးဘောက်အတွင်း ငွေ ၁၄၄၅၀ဝ၀ ကျပ်အား ထည့်ထားခဲ့ပြီး ဘဏ်မှ ပြန်ထွက်လာစဉ် တူးဘောက် အတွင်း ထည့်ထားသည့်ငွေမှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

 

4443

 

ဖြစ်စဉ်ကြောင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဧပြီ ၂၀ ရက် ညနေ ၆ နာရီခန့်တွင် ူ အိမ်မဲကြီးရပ်ကွက် (၈)လမ်းနေ ရွှေထူးဇော်(ခ) ဟိန်းထက်အောင်(ခ) ရဲရင့်ကျော်အား စုံစမ်းဆေးခဲ့ရာ CB Bank ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်တူးဘောက်အတွင်းမှ ခိုးယူသွားသော ငွေများဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အိမ်မဲမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)