ဆိုနီ ပရိသတ်တွေအတွက် အသစ်ရောက်ရှိတော့မယ့် Sony Xperia R1 (Plus)

၂၇ နိုဝင်ဘာ


၎င်း Sony Xperia R1 (Plus) ဟာ အလေးချိန် ၁၅၄ ဂရမ်သာ ပါရှိလို့ ပေါ့ပါးတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး မျက်နှာပြင်ရဲ့ အကျယ်ဟာ ၅ ဒသမ ၂ လက်မ ကျယ်ပြန့်ပါတယ်။ Network အမျိုးအစားကတော့ GSM/ HSPA/ LTE ဖြစ်ပြီး ဆင်းကတ် နှစ်ကတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


 Android ဗားရှင်း 7.1 ဖြစ်ပြီး Memory အနေဖြင့် micro SD ထည့်သွင်း အသုံးပြုပါက 256 GB ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Internal memory အနေဖြင့် 32 GB, 3GB RAM နဲ့ 16GB, 2GB RAM တို့ ပါဝင်ပါတယ်။ နောက်ကင်မရာ (ဘက်) 13MP နဲ့ ရှေ့ကင်မရာ (ကျောဘက်) 8MP       ပါဝင်ပြီး Auto focus ဖြတ်တောက် ပေးနိုင်မယ့် နည်းပညာတွေ ပါဝင်လို့ ကြည်လင်ပြတ်သားတဲ့ ပုံတွေ ရရှိမှာ ဖြစ်ပါတယ်။


တစ်နေ့တာ အသုံးပြုဖို့ ဘက်ထရီပါဝါ 2620 mAh ပါဝင်ပါတယ်။ Sony Xperia R1 (Plus) အတွက် အရောင်တွေကတော့ အနက်ရောင်နဲ့ ငွေရောင် ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ယူရို 14000 ခန့်ဖြစ်ပါတယ်။


အေးစုမော်(MDN)