၁၈ အောက်တိုဘာ
ဆိုရှယ်မီဒီယာ မသုံးတော့ဘူးလို့ အာရီယာနာ ဂရန်ဒီက ကြေညာခဲ့ပါတယ်။ လက်တလောမှာ ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့အတွက် အခုလိုကြေညာတာလည်း ဖြစ်တယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထားပြီးနောက် သူပြန်ဖျက်ခဲ့တဲ့ စာသားမှာ “ဒါဟာ ဝမ်းနည်းဖို့ကောင်းတဲ့ အခြေအနေတစ်ခုပါ၊ ကျွန်မတို့နှစ်ဦးသားဟာ အရင်အတိုင်းပြန်သွားဖို့ အတော်လေးကို ကြိုးစားယူရမှာပါ” လို့ ရေးသားထားပါတယ်။
အဆိုတော်တစ်ဦးဖြစ်တဲ့ အာရီယာနာနဲ့ ဟာသသရုပ်ဆောင် ပီတီဒေးဗစ်ဆင်တို့ဟာ ငါးလကြာတွဲခဲ့ပြီးနောက် ယခုသီတင်းပတ်အစပိုင်းမှာမှ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အာရီယာနာဟာ သူတို့နှစ်ဦးရဲ့ အချစ်ရေးအကြောင်းကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားခြင်းမရှိပါဘူး။ အာရီယာနာလိုပါပဲ သူ့ချစ်သူ ဒေးဗစ်ဆင်ကလည်း သူရဲ့အင်စရာဂရမ်ပေါ်က အကောင့်ကို ဖျက်သွားခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့်ပွဲကိုလည်း ဖျက်လိုက်ပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၈ ခုနှစ် မေလကစပြီး တွဲခဲ့ကြတာပါ။ နောက်ပြီး အချိန်တိုတိုလေးအတွင်းမှာ စေ့စပ်ခဲ့ကြပါတယ်။ အခုအခါမှာ အာရီယာနာဟာ ဒေါ်လာ ကိုးသောင်းကျော်တန်ဖိုးရှိ စေ့စပ်လက်စွပ်ကို ဒေးဗစ်ဆင်ထံ ပြန်ပေးလိုက်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
MDN
ဟောလိဝုဒ်လိုက်ဖ်