၂၃ ဧပြီ
ကိန်းဘရစ်မြို့စား တော်ဝင်မင်းသား ဝီလီယံနဲ့ ကိန်းဘရစ်မြို့စားကတော် ကိတ် တို့ရဲ့ တတိယမြောက်ရင်သွေး မင်းသားလူးဝှစ်ရဲ့ ဧပြီ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ (၂) နှစ်ပြည့် မွေးနေ့အကြို အဖြစ် မိခင်ဖြစ်သူက သားငယ်ရဲ့ ဓါတ်ပုံတွေကို ကိုယ်တိုင်ရိုက်ပြီး ဆိုရှယ်မီဒီယာ အင်စတာဂရမ် ပေါ်မှာ မနေ့က တင်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံကလေးငယ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အသွားအလာပိတ်ဆို့မှု lockdown ကာလအတွင်းမှာ မျှော်လင့်ခြင်း သင်္ကေတအနေနဲ့ သက်တန့်ရောင်ပုံတွေ ရေးဆွဲကြပါတယ်။ လူးဝှစ်ကလည်း တခြားကလေးငယ်တွေနည်းတူ မျှော်လင့်ခြင်း သင်္ကေတ အနေနဲ့ သက်တန့်ရောင်ပန်းချီဖန်တီးထားတာ တွေ့ရပါတယ်။
ဗြိတိန်နိုင်ငံတစ်ဝန်းရှိ နေအိမ်ပြတင်းပေါက်တွေမှာ စိတ်ဓါတ်ခွန်အားမြှင့်တင်ရန်အတွက် သက်တန့်ရောင် ပန်းချီတွေ ရေးဆွဲပြီး ချိတ်ဆွဲနေကြောင်း သိရပါတယ်။
MDN