ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေတဲ့ တောင်ကိုရီးယား ပင်စင်စားအရွယ်ဖက်ရှင်မော်ဒယ်

၉ ဇူလိုင် 

တောင်ကိုရီးယားက အသက် ၇၅ နှစ်အရွယ် ချောင်ဆွန်းဟွာ ဟာ တခြားမော်ဒယ်တွေနဲ့ မတူတဲ့ မော်ဒယ်ဘွားဘွားဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အသက်ကြီးတဲ့ဦးရေ တိုးပွားလာတဲ့အတွက် လူကြီး၊ လူငယ်ကွာဟမှုတွေမြင့်လာချိန် ဆိုရှယ်မီဒီယာပေါ်မှာ အနည်းငယ်သော ပင်စင်စားတွေဟာ ဖက်ရှင်မော်ဒယ်များအဖြစ် လူသိများလာပါတယ်။ 

 

12

 

အခုတော့ ဟွာ ဟာ တောင်ကိုရီးယားရဲ့ သက်ကြီးပရော်ဖက်ရှင် မော်ဒယ်တွေထဲမှာ အသက်ကြီးဆုံး ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး ကမ္ဘာတစ်ဝန်းမှာ ပင်စင်စားအရွယ်မော်ဒယ်တွေဟာ ဖက်ရှင်စင်မြင့်ပေါ်ရောက်ရှိလာတာကို တွေ့ပြီးနောက် ဟွာက မော်ဒယ်သင်တန်းကို The Show Project အေဂျင်စီမှာ စာရင်းသွင်းလိုက်ပါတယ်။

 

24

 

ချောင်ဆွန်းဟွာ ဟာ အသက် ၇၀ အထိ ဆေးရုံတစ်ရုံမှာ တနေ့ကို နာရီ ၂၀ အလုပ်လုပ်ပြီး ဝမ်းစာရှာခဲ့ပါတယ်။ ကလေးနှစ်ယောက်မိခင် single mother အဖြစ် ခက်ခက်ခဲခဲ ဝမ်းစာရှာခဲ့ရပြီး  သူ့ရဲ့အဝတ်အစားတချို့ကို အနှစ် ၂၀ လောက်အထိ ဝတ်ခဲ့ရကြောင်းသိရပါတယ်။ 

 

124

 

တောင်ကိုရီးယားနိုင်ငံဟာ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ပေမယ့် လူမှုရေးထောက်ပံ့မှုမှာ အားနည်းတဲ့အတွက် ၄၅ ရာခိုင်နှုန်းသော အသက်ကြီးတွေဟာ ဆင်းရဲစွာ နေထိုင်ရပါတယ်။ ဟွာဟာ ဆေးရုံမှာ ဆေးကုခံနေတဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ဆံပင်ဆေးဆိုးပေးခြင်းလုပ်ခဲ့ရပြီး အခုတော့ မျိုးဆက်သစ်ဒီဇိုင်းနာတွေကနေ သူကနေ တဆင့်ထူးခြားတဲ့ သက်ကြီးဖက်ရှင်တွေကို ဖြန့်ဖြူးနိုင်တဲ့အလုပ်ကို လုပ်ဆောင်နေပါတယ်။ 

MDN
ကိုးကား - AFP
 

000