၁၄  အောက်တိုဘာ

အခုစပြီး ဆင်ခြင်လို့ မနက်ဖြန်ချက်ချင်း အားလုံးပျောက်မှာ မဟုတ်ပါဘူး။ ကူးပြီးသား ရောဂါပိုးတွေကတော့ ရှိနေမှာပဲ။ ဆက်ပြီးတော့ မပြန့်ပွားအောင် ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။ ဆက်ပြီးတော့ မပြန့်ပွား အောင်လို့ဆိုတော့ အဲဒီလိုပြန့်ပွားစေတဲ့ နေရာတွေကို အထူးဂရုပြုပြီးတော့ လုပ်ဆောင်နေပါတယ်။ ဥပမာဆိုရင် ဈေးတွေပေါ့။ ဈေးတွေမှာ အစကတည်းကတော့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါပေမယ့်လည်း ဒီစည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာမှုတွေကတော့ နည်းပါတယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)