မန္တလေး ၂၆ သြဂုတ်
ဆမ်ဆောင်း Galaxy Note10+ နှင့် Note10 စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် စက်တင်ဘာလ ၃ ရက် မှစတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် Galaxy Note10 စမတ်ဖုန်းသစ်အား သြဂုတ်လ ၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူလိုသူများအနေဖြင့် နီးစပ်ရာ Samsung အရောင်းဆိုင်ကြီးများနှင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့အပါဝင်အမြို့မြို့အနယ်နယ်ရှိ လက်လီ အရောင်းဆိုင်ကြီး များတွင် စရန်ငွေ ၁၀ဝ,ဝ၀ဝ (၁ သိန်း) ကျပ် ပေးသွင်း၍ ကြိုတင်မှာယူနိုင်ကြောင်း သိရသည်။
“Galaxy Note10 မှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက ဖုန်းအသုံးပြုသူတွေကို အောင်မြင်မှုတွေ ပိုပြီးဆွတ်ခူးရရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ Project အကြီးကြီးတွေကို စီစဉ်ရေးဆွဲဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုတွေကို ရိုက်ကူးတည်းဖြတ်ဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်တဲ့ မိုဘိုင်းလ်ဂိမ်းတွေကိုဆော့တဲ့ အခါမှာပဲဖြစ်ဖြစ် Galaxy Note10 ကပိုမိုမြန်ဆန်ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းမှာပါ” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောသည်။
Galaxy Note10+ ကို Aura Glow၊ Aura Black နှင့် Aura White စသည့် အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး Galaxy Note10 ကို Aura Glow နှင့် Aura Pink စသည့် အရောင် ၂ မျိုး ထုတ်လုပ်ထားကြောင်း သိရသည်။ ဈေးနှုန်းမှာGalaxy Note10 ကို ၁,၄၉၉,ဝ၀ဝ ကျပ် ၊ Galaxy Note10+ (RAM 12GB + ROM 256GB) ကို ၁,၆၉၉,ဝ၀ဝ ကျပ်၊ Galaxy Note10+ (RAM 12GB + ROM 512GB) ကို ၁,၈၉၉,ဝ၀ဝ ကျပ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်