မန္တလေး ၂၁ သြဂုတ်
ဆမ်ဆောင်း ဂလက်ဇီ Note 10 နှင့် Note 10+ စမတ်ဖုန်းများကို ယခင်ဖုန်းများထက် ကြိုတင်မှာယူမှုတွေများတယ်လို့ SAMSUNG Myanmar မှ PR Manager ကိုစိုးသူရက ပြောသည်။
ဆမ်ဆောင်းက အသစ်ထုတ်လုပ်လိုက်သည့် Glaxy note 10 နှင့် note 10+ စမတ်ဖုန်းများကို အခုလ ၂၀ ရက်က မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့ပြီး စက်တင်ဘာ ၃ ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။
‘ပရီအော်ဒါအရေအတွက်ကတော့ ပြောလို့မရသေးဘူး။ ဒါပေမယ့် အရင် Note တွေထက် အရင်မျှော်မှန်းထားတာထက်ပိုတယ်’ဟု ကိုစိုးသူရက ဆက်ပြောသည်။
ဆမ်ဆောင်း Glaxy note 10 နှင့် note 10+ ကို သြဂုတ် ၉ ရက်မှ သြဂုတ် ၂၇ ရက်အထိ စရံငွေ တစ်သိန်းပေးကာ ကြိုတင်မှာယူနိုင်ကြောင်း သိရသည်။
Glaxy note 10 မျက်နှာပြင်သည် ၆.၃ လက်မရှိပြီး note 10+ ၏ မျက်နှာပြင်သည် ၆.၈ လက်မရှိသည်။
အဆိုပါဖုန်းတွင်ပါဝင်သည့် S Pen သည် ဖုန်းပေါ်တွင်ရေးမှတ်ထားသည့် လက်ရေးစာလုံးများမှ ပုံနှိပ်စာလုံးသို့ ပြောင်းလဲနိုင်ခြင်း၊ PDF ဖိုင်အဖြစ် ပြောင်းလဲနိုင်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ဗီဒီယိုရိုက်ကူးရာတွင်လည်း နောက်ခံရှုခင်းများကို မှုန်ဝါးပြီး ရိုက်ကူးလိုသောအရာကို တိကျပြတ်သားစွာ ရိုက်ကူးနိုင်ခြင်း၊ Zoom-In Mic ထည့်သွင်းထားသည့်အတွက် ပတ်ဝန်းကျင် ဆူညံသံများ ဖယ်ရှားပေးနိုင်ကြောင်း သိရသည်။
Glaxy note 10 မှာ Aura Glow ၊ Aura Pink နှစ်ရောင်ရရှိနိုင်ပြီး ဈေးနှုန်းမှာ ၁,၄၉၉,ဝ၀ဝ ကျပ် ဖြစ်သည်။ Glaxy note 10 + မှာ Aura Glow ၊ Aura Black ၊ Aura White စသည့် အရောင် ၃ မျိုးရရှိနိုင်ပြီး ဈေးနှုန်းမှာ ၁,၆၉၉,ဝ၀ဝ ကျပ်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်