၂၅ ဇူလိုင်
တောင်ကိုရီးယား လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ ဆမ်ဆောင်းရဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းဟာ ဂျပန်နဲ့ တောင်ကိုရီးယား အငြင်းပွားနေကြပေမယ့် စက်တင်ဘာလမှာ ဈေးကွက်ထဲမှာ တွေ့ရမယ့်အကြောင်း ဒီကနေ့(ကြာသပတေးနေ့)မှာ ကြေငြာလိုက်ပါတယ်။
မူလအစီအစဉ်အရ ဆမ်ဆောင်းခေါက်ဖုန်းဟာ ဈေးကွက်ထဲကို ပြီးခဲ့တဲ့ဧပြီလက တနည်းအားဖြင့် လွန်ခဲ့တဲ့ ရက်ပေါင်း ၆၉ ရက်ကတည်းက ရောက်ရမှာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ အမှားအယွင်းတွေ့ရှိခဲ့တဲ့အတွက် ဈေးကွက်ကို ဖြန့်ချီမယ့်ရက်ထက် နောက်ကျခဲ့တာသာဖြစ်ပါတယ်။ အခုတော့ ဖုန်းမှာရှိတဲ့ အမှားအယွင်းကို ပြင်ဆင်ပြီးပြီဖြစ်ကြောင်း ဆမ်ဆောင်းက ပြောပါတယ်။ ခေါက်ဖုန်း တည်ဆောက်နိုင်ဖို့ ရှစ်နှစ်နီးပါး အချိန်ယူခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာလတွင် ရွေးချယ်ထားတဲ့နိုင်ငံအချို့ဆီကိုသာ ဖြန့်ချီရောင်းချဖို့ ဆမ်းဆောင်းက စီစဉ်ထားပါတယ်။
MDN
ကိုးကား - AFP
