၂၁ မေ
ဆမ်ဆောင်းလျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ ၄ ရာခိုင်နှုန်းကျော် ဒီကနေ့(အင်္ဂါနေ့)မှာ တိုးမြှင့်နေချိန်မှာ ဆမ်ဆောင်းရဲ့ပြိုင်ဖက် ဟွာဝေးကုမ္ပဏီမှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ အမေရိကန်ကုမ္ပဏီကြီး ဂူဂဲ(Google) ရဲ့ အန်းဒရိုက် (Android) မိုဘိုင်းစနစ်က ဟွာဝေးစမတ်ဖုန်းမှာသုံးစွဲခွင့် မရှိတော့ပါဘူး။ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ဂူဂဲဟာ ဟွာဝေးနဲ့ ဆက်စပ်မှုတွေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဂူဂဲရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ဂျီမေးလ် (Gmail) နဲ့ ဂူဂဲမြေပုံ (Google Maps) တွေပါ သုံးစွဲခွင့်မရှိတော့တဲ့အတွက် ဟွာဝေးစမတ်ဖုန်းသုံးစွဲသူတွေအတွက် အခက်အခဲဖြစ်သွားနိုင်ပါတယ်။
ဒီလိုအခြေအနေတွေက ရင်းနှီးမြှပ်နှံသူတွေအတွက် ဟွာဝေးကိုရွေးချယ်လျှင် ဆုံးရှုံးမှုတွေဖြစ်ပြီး ဆမ်ဆောင်းက အကျိုးအမြတ်ကို ဖြစ်စေနိုင်တဲ့အတွက် ဆိုးလ်စတော့ဈေးကွက်မှာ ဆမ်ဆောင်းက ၄.၃ ရာခိုင်နှုန်း ဈေးတက်သွားပါတယ်။
ဟွာဝေးစမတ်ဖုန်း သုံးစွဲသူတွေအနေနဲ့ ဥပရောနိုင်ငံတွေမှာရော တရုတ်နိုင်ငံမှာပါ အန်းဒရိုက် စနစ်ကို သုံးစွဲလို့မရတဲ့အချိန် ဟွာဝေးအစား ဆမ်ဆောင်းဘဲ သုံးစွဲမှာလို့ ဘလွန်းဘတ် သတင်းဌာနကို ဆမ်ဆောင်းလုံခြုံရေးဌာနရဲ့ သုတေသနပညာရှင် အမ်အက်စ်ဝေါင်းက ပြောပါတယ်။
MDN
ကိုးကား - AFP