ဆွမ္မရာ ၈  သြဂုတ်


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့အဝင်၊ အိန္ဒိယနယ်စပ် အထွက်လမ်း၊ အထက ကျောင်းသွားလမ်း၊ ဆေးရုံးလမ်းနှင့် မြို့တွင်းလမ်းမကြီး အချို့နေရာများတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ပျက်စီးနေသော လမ်းများကို တာဝန်ရှိသူများ ပူးပေါင်း၍ သြဂုတ် ၇ ရက် နံနက်ပိုင်းက စတင်ကာ ကျောက်စရစ်များခင်း၍ ပြုပြင်မှုလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စနေမောင်(ခန္တီး)