ဆွမ်ပရာဘွမ် ဇွန် ၂

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် စည်ပင်ရေဖြန့်ဝေပေးရေး စနစ်တကျရှိစေ ရန် ရေမီတာတပ်ဆင်သုံးစွဲမှု ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁ ရက် နံနက်၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးနေလင်းအောင်က အားသာချက်၊ အားနည်းချက်များကို စနစ်တကျရှိစေခြင်း၊ အများပြည်သူများ ရေကိုစည်းကမ်းရှိစွာ အသုံးချသုံးစွဲတတ်လာစေခြင်း၊ ရေများကိုမလိုလားအပ်ဘဲ ရေပြည့်ရေလျှံမှုမဖြစ်ပေါ်စေရန်နှင့် အချိန်နှင့်လွှတ်ပေးမှုတွင် အလေအလွင့်မရှိစေရန် ထိန်းချုပ်နိုင်ရန်၊ စနစ်တကျမျှတစွာ ရှိစေရန်ပြောကြားခဲ့ပြီး တက်ရောက်လာသော စည်ပင်ကော်မတီဝင်တစ်ဦးက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)